SEAMEO Regional Centre for History and Tradition

CHAT Communication in English Course (1/2022) အတွက် သင်တန်းဖွင့်လှစ်ရန် ကြေငြာခြင်း ။
SEAMEO Regional Centre for History and Tradition မှ ဖွင့်လှစ်သော CHAT Communication in English Course (1/2022) အတွက် Advanced level I နှင့် Advanced level ll တန်းများကို ပြန်လည်ဖွင့်လှစ်သွားပါမည်။
သို့ဖြစ်ပါ၍ (1/2020) တွင် Intermediate level ll နှင့် Advanced level l အောင်မြင်ထားသော ကျောင်းသား၊ကျောင်းသူများကို
(17.10.2022 မှ 20.10.2022) နေ့ရက်များအထိ သင်တန်းအပ်ပြန်လည် လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် CHAT Communication in English Course (1/2020) တွင် Intermediate level ll အောင်မြင်ပြီးသူများနှင့် Advanced level l အောင်မြင်ပြီးသူများ လာရောက်အပ်နှံ နိုင်ပါသည်။
(1/2020) တွင် သင်ယူပြီးမြောက်ကြောင်း Certificate နှင့် ကျောင်းသားကတ်များ တပါတည်း ယူဆောင် လာရမည်ဖြစ်ပါသဖြင့် Certificate မထုတ်ရသေးသူများ လာရောက်ထုတ်ယူနိုင်ပါသည်။
အတန်းနားထားသူများအနေဖြင့် မိမိတို့နားထားသောအတန်း၏ ကျောင်းသားကတ် နှင့် Certificate. များတပါတည်း ယူဆောင်လာရန်လိုအပ်ပါသည်။
ဖွင့်လှစ်မည့်အတန်းချိန်များ
9:00 to 12:00 noon (Sat – Sun)
12:30 to 3:30 pm(Sat – Sun)
သင်တန်း အပ်လက်ခံမည့်အချိန်
နံနက် 10:00 မှ နေ့လည် 12:00 အတွင်း
နေ့လည် 1:00 မှ ညနေ 3:00 အတွင်း
သင်တန်းအပ်နှံသူများ ယူဆောင်လာရမည့် အချက်များ
၁။ မိမိတို့ နောက်ဆုံးတက်ရောက်ခဲ့သော အတန်း၏ ကျောင်းသားကတ် နှင့် Certificate
၂။ ဓာတ်ပုံ (၃)ပုံ (ပုံစံတူ၊ ဆိုဒ်တူ)၊ ဓာတ်ပုံ ဆိုဒ်မှာ (၁. ၂)လက်မ × (၁.၅)လက်မ
(မှတ်ချက်။ ။ ဓာတ်ပုံများတွင် လည်ဟိုက် လက်ပြတ်များ မရပါ။)
၃။ သင်တန်း အပ်နှံမည့် ကျောင်းသား/ ကျောင်းသူများသည် ကိုယ်တိုင်လာရောက်အပ်နှံခြင်း မပြုလုပ်နိုင်ပါက မိမိတို့၏ဓာတ်ပုံနှင့် လိုအပ်သောအချက်အလက်များ ပြည့်စုံစွာပေး၍ ကိုယ်စားဖြင့် သတ်မှတ်ထားသော နေ့ရက် နှင့် အချိန်အတွင်း လာရောက်အပ်နှံနိုင်ပါသည်။
မှတ်ချက် ။ ။ ကျောင်းသားကတ် နှင့် Certificate များယူဆောင်လာရပါမည်။
စီမံကြီးကြပ်ရေးအဖွဲ့