SEAMEO CHAT

ဆီမီယိုဒေသဆိုင်ရာသမိုင်းနှင့်ရိုးရာဓလေ့ဌာန၏ စာကြည့်တိုက်တွင် စုဆောင်းထားရှိသော အရှေ့တောင်အာရှနှင့် သက်ဆိုင်သည့် သမိုင်း၊ ယဥ်ကျေးမှု ဓလေ့ထုံးစံများနှင့် ပတ်သက်သည့် စာအုပ်၊ စာတမ်းများ၊ ဆီမီယိုဌာနမှ ထုတ်ဝေထားပြီးသော သုတေသနစာတမ်းစာအုပ်များကို တက္ကသိုလ်အသီးသီးမှ ပါရဂူဘွဲ့၊ မဟာသုတေသန၊ မဟာဝိဇ္ဇာကျမ်းများပြုနေသည့် ကျောင်းသား/​ ကျောင်းသူများသည် သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များမှ မိမိတို့၏ ဘာသာရပ်ဆိုင်ရာဌာန ပါမောက္ခ/ဌာနမှူးများ၏ ထောက်ခံစာဖြင့် တနင်္လာ နေ့မှ သောကြာနေ့ ရုံးချိန်အတွင်း လာရောက်ဖတ်ရှုနိုင်ပါသည်။